သတင်းများ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဝေးလံခေါင်ဖျားမြို့များရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်
Dec 22,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဝေးလံခေါင်ဖျားသော ဒေသများမှ ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများရှိ ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီ အချိန်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား သက်ဆိုင်ရာစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 22,2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျိုက်ထိုမြို့နယ် ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံပြပွဲကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲပိုင်းက ကိုပြသဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 22,2021
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အင်္ဂပူမြို့တွင် ပြည်သူများအား phase-5 (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိခင်နှင့်ကလေး ဆေးပေးခန်း ဆေးထိုးစုရပ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Dec 22,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က ပြုလုပ်ကျင်းပသည်။
ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စက်ရေတွင်းတူးဖော်နိုင်ရေး အလှူငွေ(၃၅)သိန်း လှူဒါန်း
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုသည် နွေရာသီရောက်ရှိသည့် ကာလများတွင် နှစ်စဉ်သောက်ရေ၊ သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့ရသဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် စက်ရေတွင်း တူးဖော်နိုင်ရန် အလှူငွေ (၃၅)သိန်းကျပ်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ညနေ (၃)နာရီ၌ ချောင်းဗြဲကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီများ၏ လက်ဝယ်အရောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်၊ ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီ ဇပြောင်းရောဂါပိုး အိုမီခရွန် (omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှု များ ဆောင်ရွက်
Dec 22,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ စကောကရင် ဘာသာ၊ ပိုးကရင်ဘာသာဖြင့် အိုမီခရွန် (omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို