အင်္ဂပူ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိခင်နှင့်ကလေး ဆေးပေးခန်း ဆေးထိုးစုရပ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-5 (ဒုတိယအကြိမ်) အဖြစ် အသက် ၁၈ နှစ် အထက်ရှိသူများ၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသ ပေးနိုင်ရေးအတွက် ကြည့်ရှုဆောင့်ကြပ်ဆောင်ရွက်ပေးပြီး ကိုဗစ် -၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ဆေးထိုးစုရပ် (၂၇) နေရာဖွင့်လှစ်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)