ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စက်ရေတွင်းတူးဖော်နိုင်ရေး အလှူငွေ(၃၅)သိန်း လှူဒါန်း

ဘိုကလေး ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုသည် နွေရာသီရောက်ရှိသည့် ကာလများတွင် နှစ်စဉ်သောက်ရေ၊ သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့ရသဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် စက်ရေတွင်း တူးဖော်နိုင်ရန် အလှူငွေ (၃၅)သိန်းကျပ်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  ယမန်နေ့ညနေ (၃)နာရီ၌ ချောင်းဗြဲကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီများ၏ လက်ဝယ်အရောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်း၊ ဘိုကလေးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီများ တက်ရောက်ကြကြောင်းနှင့် မကြာမီကာလ အတွင်း စက်ရေတွင်းအား ချောင်းဗြဲကြီးကျေးရွာ အုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်