ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ  ဒီဇင်ဘာ ၂၂ 

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြည်နယ်ကော်မတီအနေဖြင့် လုပ်ငန်း ဆောင်ရွက်နေကြ သည့် လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမှုမရှိစေရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း၊ လိုင်စင်သက် တမ်းတိုးခြင်း စသည့်လုပ်ငန်းများကို သတ်မှတ်ချက် များနှင့်အညီ ပုံမှန်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေး တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်း ခဲ့ကြသည့် ခရိုင်နှင့် မြို့နယ်များအလိုက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော် မတီ(Desination Management Organization -DMO) အဖွဲ့များနှင့် မာန်အောင်သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်းကြီးကြပ်ရေး ကော်မတီတို့ကို အတည်ပြုပေးသွားမည်ဖြစ် ပါကြောင်း၊ အတည်ပြုပေးလိုက် သည့် ကော်မတီများအနေဖြင့် မိမိတို့၏ သတ်မှတ်ထားသော လုပ်ငန်းတာဝန် အသီးသီးကို ဖြစ်နိုင်ခြေရှိ သည့်ဘက်က အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လည်း မှာကြား လိုကြောင်း၊  ဒေသတွင်းလုပ်ငန်းရှင်များက ဟိုတယ် တည်ဆောက်ရေး စီမံကိန်း များအတွက် ဟိုတယ် တည် ဆောက်ခွင့်ပြုရန် လျှောက်ထားလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေ ဖြင့် ယခုလိုအခြေ အနေမျိုးတွင် မိမိပြည်နယ်၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရဲရဲရင့်ရင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမည့် မည်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို ထောက်ခံ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အထဲက ယခုကဲ့သို့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုပြုကြသည့် အပေါ်တွင်လည်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအနေဖြင့် ဝမ်းသာဂုဏ်ယူ ကြောင်းကိုလည်း ပြောကြားလိုပါ ကြောင်း၊ ထို့အပြင် မာန်အောင်ကျွန်းသဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းစီမံကိန်းကို အထောက်အကူပြုမည့် မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာမှာ ရပ်ရွာလူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အတွက် တင်ပြလာသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်းလုပ်ငန်း သည် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကောင် အထည်ဖော်မည့် Community Based Tourism-CBT လုပ်ငန်းဖြစ်သည့် အတွက် ပြည်နယ်အ တွက် ဂုဏ်ယူစရာ လုပ်ငန်းဖြစ် သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်လိုအပ်သည့်အတွက် အောင်မြင်မှုရရှိပါစေဟုလည်း ဆုတောင်းပါကြောင်း နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စနစ်တကျရင်းနှီးမြှုပ်နှံမှုပြုမည့် မည်သည့်လုပ်ငန်းရှင်ကိုမဆို အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် ခရီးစဉ်ဒေသစီမံအုပ်ချုပ်ရေးကော်မတီ(DMO) အဖွဲ့များက လုပ်ငန်းရှင်များနှင့် အတူ ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။           

ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း အောင်က သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထား ခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြသည်။  ထို့နောက် တက်ရောလာကြသည့် ကော်မတီ အဖွဲ့ဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြသည်။

အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိ နှိုင်းဆွေးနွေးပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)