နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ သိရှိစေရန် နံရံကပ်ပြဘုတ်တွင် ပြသပေးထား

ရွှေကျင် ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ အများပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်း စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဉပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိ ရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် စသည့် အချက် များပါဝင်ပြီး၊ ဦးတည်ချက်(၉)ရပ်တွင် နိုင်ငံရေးဦးတည်ချက်(၃)ရပ်၊ စီးပွားရေးဦးတည်ချက်(၃)ရပ်၊ လူမှုရေး ဦးတည်ချက်(၃)ရပ် စသည့် မှတ်တမ်းဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။

ထွန်းထွန်းဇော်