ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ BaB အားဆေးနှင့် ကစားစရာ အရုပ်များ ဖြန့်ဝေ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းများသို့ BaB အားဆေးနှင့် ကစားစရာ အရုပ်များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ မူလတန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အမက(၃)၊ အမက(၄)၊ အမက(၅)၊ အမက(၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) စသည့်အခြေခံပညာမူလတန်းကျောင်း (၇) ကျောင်းသို့ BaB အားဆေးအလုံး ၆၀ ပါဘူး  ၂၅၀ ဘူး၊ ကလေးများ အစာစားပြီးတိုင်း သွားတိုက်သည့် အလေ့အကျင့်ရှိစေရန် Colgate သွားတိုက်ဆေးဘူး ၁၂ ဘူးပါ ကတ် ၂၄ ကတ်နှင့် ကစားစရာ အရုပ်များအား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)