ကော့ကရိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ
Dec 28,2021
(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြို ဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေ (၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။