ကျိုက်ဒုံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက မိနန်းအပ်ကျေးရွာအုပ်စု၊ အိမ်ဆိုင်ကျေးရွာ တောင်သူဒေါ်စံပယ်၏ လယ်ယာစိုက်ခင်းတွင် ပဲပုပ်သီးနှံ အစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း နည်းပညာများ ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ ပဲပုပ်သီးနှံအစေ့ချ ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း နည်းပညာများပြသဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်မှ တောင်သူများအနေဖြင့် နှစ်စဉ်စပါးတစ်သီးသာ စိုက်ပျိုးသဖြင့် ပဲပုပ်သီးနှံအားစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ များရရှိလာစေရန်နှင့် သီးထပ်စွမ်းအား မြင့်တက်လာစေရေးအတွက် ရည်ရွယ်ပြီးစပါးအပြီး ပဲပုပ်သီးနှံအား အစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်