ပိုင်ကျုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၈

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးငယ်များအတွက် ဗဟုသုတတိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်လာစေရန်နှင့် ယခုကဲ့သို့ ဆေးရောင်ခြယ်ပြိုင်ပွဲများမှစ၍  ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည့်တို့ကို ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးမှ ရှင်းလင်းပြောကြားပေး သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)