မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင်ကာကွယ်နိုင်ရေး ရှမ်း၊မြန်မာ ဘာသာ နှစ်မျိုးဖြင့် အသိပေးနှိုးဆော်

မိုးမိတ်  ဇန်နဝါရီ  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို အုန်းကြော(ရွာသစ်)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံ တိုင်းရင်းသား မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) များ ဝင်ရောက် ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ကျန်းမာရေးအသိ၊ သတိများရရှိ စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စည်သူဌေး