မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၂၆၅)ဦး၊ အားလုံးနေအိမ်သို့ပြန်လည်စေလွတ်ပြီဖြစ်

မိုင်းယန်း ဇန်နဝါရီ        ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကုသရေးဦးစီး ဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရကိုဗစ်အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ဇန်နဝါရီ ၉  ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ(၂၆၅)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည် စေလွတ်သူ(၂၆၅)ဦးဖြစ်ကြောင်း သိရ သည်။

ခွန်ရဲထွေး