သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ ပိုးကရင်ဘာသာ မြန်မာဘာသာဖြင့် အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် (omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လမြိုင်မြို့ မြိုင်ရတနာ ကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နေမှု ကြည့်ရှုစစ်ဆေး
Dec 16,2021
မော်လမြိုင်မြို့ မြိုင်ရတနာကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ် နှင့် အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့် သရုပ်ပြ ဆောင်ရွက်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သဲတောဈေးကြီးနှင့် ဝမ်းတွင်းဈေးကြီး များတွင် ဆောင်ရွက် ခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပ
Dec 16,2021
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၁၀နာရီအချိန် က ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtty Centre ခန်းမ၌ ကျောင်းသား/သူ များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ သတင်းအချက်အလက်များအား ကျေးရွာ အရောက် လိုက်လံအသိပေးခြင်း ဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သုံးအိမ်စုကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန် ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်လွှဲပိုင်းအချိန်က Hand Speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြသည်။
ချောင်းဆုံမြို့နယ် (ပြောင်းရွှေ့)ပျံကျဈေးတွင် ဈေးဆိုင်ရှင်များအား ကိုဗစ်ဆေးထိုး လက်မှတ်များ စစ်ဆေး
Dec 16,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ဈေးသည်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် သွားရောက်စစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က ချောင်းဆုံမြို့ မဟာကန်တော်ကြီးရှေ့ (ပြောင်းရွှေ့) ပျံကျဈေးတွင် ဈေးရောင်းချသူများကို ကိုဗစ်-၁၉ ဆေးထိုး လက်မှတ်များ စစ်ဆေးခဲ့ကြောင်း သိရသည်။
လမိုင်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 16,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။