သတင်းများ

လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကိုဗစ် -၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် 
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင်  လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။ 
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှု နှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးစဉ်ဆက်မပြတ်အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စီဗီ လှိုင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက စီဗီလှိုင်းရပ်ကွက်ကြီး အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများစဉ်ဆက်မပြတ် ဆောင်ရွက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များအနှံ့ လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ 
Jan 21,2022
မြို့နယ်အတွင်းရှိ ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ လူငယ်များအနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community  Centre) ခန်းမတွင် စာရေးဆရာ အောင်သင်းရေးသားထားသော "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက  စာဖတ်ဝိုင်းကျင်းပ  ဆောင်ရွက်ခဲ့ သည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ​​ပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်ခြင်းမဖြစ်ပေါ်စေရေးကြိုတင်ကာကွယ်ရန်အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာယမန်နေ့ညနေပိုင်းကလူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့်ရပ်ကွက်များအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jan 21,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး /ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Jan 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာများအား လူစည်ကားရာနေရာများဖြစ်သည့်  လမ်းဆုံများ၊ ကားမှတ်တိုင် များ၊ စျေးများတွင်ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက် များအတွင်း လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရသည်။
ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး(၆ ပေါက်တန်း)ပြိုင်ပွဲ ဆုချီးမြှင်ပွဲ အခမ်းအနားကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး(၆ ပေါက်တန်း)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက ရမည်းသင်းခရိုင်အားကစားကွင်း၊ ခရိုင်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။