သတင်းများ

ပခုက္ကူမြို့၌ (၁၅)ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် အများပြည်သူ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် (၁၅)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အများပြည်သူ စုပေါင်းဘုံက ထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်ရေး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပသည်။
မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး မန်းချောင်းအတွင်း၌ ကိုယ်ထူကိုယ်ထ ယာယီကုန်ထုတ် တံတာတစ်စင်း တည်ဆောက်
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး ရွှေစက်တော် မန်းချောင်းအတွင်း၌ မော်တော်ယာဉ်များဖြင့် အသုံးပြု ဖြတ်သန်း သွားလာနိုင်စေရန် ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ယာယီကုတ်ထုတ် တံတားတစ်စင်းကို ယမန်နေ့က စုပေါင်းတည်ဆောက်ခဲ့ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၅၆၁၆)ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Nov 16,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား တတိယအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက သတ်မှတ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။
နောင်မွန်းမြို့၌ တောင်သူမှတောင်သူသို့နည်းပညာမျှဝေခြင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့‌ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသခံပြည်သူများ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ ဖူလုံမှုရရှိစေရေးနှင့် (GAP) စိုက်ပျိုးနည်းစနစ် ပညာများ သိရှိလာစေရန် အတွက် ရည်ရွယ်၍ တောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြိတ်တက္ကသိုလ် နည်းပြ ဆရာ/ဆရာမများအား ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်ခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ဦးစီးမှူးရုံးက နည်းပြ ဆရာ/ဆရာမများ မွမ်းမံသင်တန်း၌   အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း(ရက်တို)ဖွင့်လှစ်
Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယမန်‌နေ့နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Nov 16,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဦးစားပေးအုပ်စုများအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကန့်ဘလူမြို့၌ အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာရီခန့်က မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။