ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း(ရက်တို)ဖွင့်လှစ်

ဆွမ်ပရာဘွမ်  နိုဝင်ဘာ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယမန်‌နေ့နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ ပြောကြားသည်။

အဆိုပါ သင်တန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှု ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းနည်းပြ၂ဦး၊ သင်တန်းသား၁၅ဦးတို့အား သင်တန်းကာလမှာ  နို၀င်ဘာလ ၁၅ရက်နေ့မှ ၂၄ရက်နေ့ထိ သင်တန်းကာလ (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်ထောက်ကူပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ကာ အခမ်းအနား၌ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ