ကျိန္တလီ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဦးစားပေးအုပ်စုများအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဆေးလာရောက်ထိုးနှံသူများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကအမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်းချိန်တိုင်း တာပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများကလိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ဆက်လက်၍ ကျိန္တလီမြို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်း(၁)ဦး ၊ ပုဂ္ဂလိက အလုပ်ရုံ/စက်ရုံများမှ ဝန်ထမ်း(၁၃)ဦး ၊ အသက်(၁၈)နှစ်အထက်ပြည်သူ(၄၄၆)ဦး စုစုပေါင်းပြည်သူ(၄၆၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)