သတင်းများ

ဒေးဒရဲမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ၊ ဦးညွန့်မောင် သောက်ရေကန် အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် နွေစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပပြုလုပ် 
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉) နာရီက လဟာပေါက်ကျေးရွာအုပ်စု၊ တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် မိုးကြိုစပါးဧက(၅၅၃)ဧက စိုက်ပျိုးပြီးဖြစ်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးကြိုစပါးဧက (၁၃၅၉) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဒိုက်ဦးမြို့၌ သာသနဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်၏ ဂုဏဝိသိဌပူဇာ မင်္ဂလာ ကျင်းပ
May 23,2022
သာသနဓဇဓမ္မာစရိယဘွဲ့ ရတော်မူသော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မင်းတဲရပ်ကွက်၊ မြို့သစ်(က)ဝေဠုဝန် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ၏ ဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။
ကျုံ‌‌ပျော်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း ရာနှုန်းပြည့် ကျောင်းအပ်နှံရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့အဝင် အင်းရဲလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနား တက်ရောက်အားပေး
May 23,2022
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနားကို ယမန်နေ့ ညနေ ၃ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးကာ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာတွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သစ်တော်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈) နာရီအချိန်ကရေထွက်ကျေးရွာ အနီးရှိဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။