သတင်းများ

ပန်းတနော်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 23,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက် အား​ပေခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  မိုးကြိုကာလ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
May 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်  မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က  ယနေ့ နံနက် ၉ နာရီအချိန်  ရွှေဗဟိုလ်ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှေ့ မောင်တော-အငူမော် ကားလမ်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။
ထန်းတပင်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ
May 23,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူခြင်းကို အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ်ဥပဒေချုပ်များ/ဥပ​ဒေ အရာရှိများ လုပ်ငန်းညှိနှိုင်အစည်ဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းဝေးခန်းမတွင် ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ် ဥပဒေချုပ်များ/ဥပ​ဒေအရာရှိများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
May 23,2022
မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပဿာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေး
May 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်
May 23,2022
မိုးဦးကာလ ခြင်ပေါက်ပွားမှုများသောရာသီ ရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ရပ်ကွက်များ အတွင်း၌ မေလ ၂၁ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းမကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌စတင်ဆောင်ရွက်
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသ‌နေပြည်သူများသွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမတွင် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။