သတင်းများ

မယ်စဲ့မြို့နယ် Community Centre ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ
May 23,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၁၆၄၁၂၆) ဦးထိုးနှံပြီးဖြစ်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၁၅၂၆၉၁)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၄၃၅)ဦး စုစုပေါင်း(၁၆၄၁၂၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 23,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
May 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တောင်သာ အ.ထ.ကကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာ တွင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ် ​​​တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​မန်နေ့ နံနက် (၉) နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မိုးဦးကျရာသီ ဒေသထွက်ကုန် ငါး၊ ပုဇွန်များပေါများ
May 23,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မိုးဦးကျရာသီတွင် ငါး၊ ပုဇွန်များ ပေါများကာ ဈေးနှုန်းချိုသာလျက်ရှိပါသည်။ ကျောက်တန်းမြို့နယ်တွင် အဓိကစီးပွားရေးအနေဖြင့် လယ်ယာလုပ်ငန်းနှင့် တံငါလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မိုးဦးရာသီတွင် ငါး၊ ပုဇွန်များ ပေါများကာ စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးနှုန်းချိုသာစွာရောင်းချပေးရာ ပြည်သူလူထုအနေဖြင့် ဝယ်ယူစားသုံးမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ် ထိုးနှံပေး
May 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဝမ်ကောင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်
May 23,2022
စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များမှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ကျင်းပရာ သက်တော်ရှည်ဆရာတော်ကြီးများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။