ဒေးဒရဲမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဒေးဒရဲ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ၊ ဦးညွန့်မောင် သောက်ရေကန် အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ​စေရန်၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် ရည်ရွယ်၍ မန်ဂျန်ရှားပျိုးပင်(၂၅၀)၊ ကျွန်းပင်(၅၀)နှင့် မဟော်ဂနီ ပျိုးပင်(၆၄)၊ စုစုပေါင်းပျိုးပင်(၃၆၄) ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း