သတင်းများ

ဝေါမြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေး
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့၊ နံနက်ပိုင်းက ဝေါမြို့မစျေးကြီးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံး ဆီများ Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plasterများတွင် ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှင်မျာနှင့် တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဆီးချို၊သွေးချိုရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်
May 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ဆီးချို၊သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-8 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်ပို့ချ
May 16,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း တွင် ဖွင့်လှစ်ကာ သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၌ ၂၀၂၂-ခုနှစ်အတွက် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၂-ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရပ်စောက်၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်
May 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommnityCentre) ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
May 16,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့၊ နံနက် (၉) နာရီက ရသေ့တောင် (အထက)(၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-8) Face to Face သင်တန်းဖွင့်လှစ်
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် (Grade-8) Face to Face သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ ဆောင်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံပညာတတ်မြောက်မှုအဆင့် မြင့်မားစေရန် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲသင်ကြား နိုင်ရေးအတွက် သင်တန်းများအဆင့်ဆင့် သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်း အဆင့် အခြေခံပညာသင်ရိုးသစ် Grade- 8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။