သီပေါမြို့နယ်တွင် ဆီးချို၊သွေးချိုရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီးချို၊သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူးဒေါ်တင်တင်စန်းက ဆီးချိုရောဂါနှင့် သွေးချိုရောဂါများ ဖြစ်ပွားရသည့်အကြောင်းအရင်း၊ ကုထုံးများအကြောင်း၊ ကုသရမည့်နည်းလမ်း၊ ဆောင်ရန်၊ ရှောင်ရန်များ၊ နေထိုင်ရမည့်နည်းလမ်းများ၊ သောက်သုံးရမည့်ဆေးဝါးများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)