သတင်းများ

တံတားဦးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 (သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်Grade-8(သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည် ။
ညောင်လေးပင်မြို့နယ်တွင် Grade -8(သင်ရိုးသစ်)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ သင်တန်းပိုချ
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-8(သင်ရိုးသစ်)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက စတင်ပို့ချ လျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အလယ်တန်းဆင့် Grade 8 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌အခြေခံပညာ အလယ်တန်းဆင့် Grade 8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်ပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေး အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
May 16,2022
ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့်လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃နာရီက မန္တလေး၊ ချမ်းအေးသားစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲ(၁)နာရီတွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး” Talk Show ကျင်းပ
May 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် (၁) နာရီက“လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်
May 16,2022
ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များ အတွက် အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကျိုင်းတုံဟိုတယ်သစ်၌ ကျင်းပသည်။
ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂)သင်တန်းဆင်းပွဲ အခမ်းအနား ပြည်နယ်၀န်ကြီးချုပ် တက်ရောက်
May 16,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်