သတင်းများ

သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါကချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်စခန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူ၊ ယာဉ်နှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်အဆင်သင့်အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်မီးသတ်စခန်းရှေ့ ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၃)နှစ်မှ(၇)နှစ် ကလေးငယ်များအား ဆုံဆို့နှင့်မေးခိုင် ကာကွယ်ဆေးများထိုးနှံပေး
May 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အသက်(၃)နှစ်မှ (၇)နှစ်ကလေးငယ်များအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေးများကို ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရပ်ကွက်ကျေးရွာများရှိ ကျန်းမာရေးဌာနများ၊ စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ယနေ့နံနက်(၈)နာရီခွဲက လွိုင်ခမ်းအိမ်ရာအတွင်း၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပကြောင်း သိရသည်။
ရွှေတောင် မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ထုတ်ပေး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ ကြောင်းသိရသည်။
ပဲခူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
May 25,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်စီးမှူးဦးစန်းမင်းနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများအား တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 25,2022
ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ခြင်ပုန်းခြင်ကြားများ ခိုအောင်းမှုမရှိစေရန်၊ သန့် ရှင်းလတ် ဆက်သည့် လေကောင်းလေသန့်ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို  ယနေ့ နံနက် (၇)နာရီခွဲ က ရှမ်းပြည်နယ်၊ ညော်င်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။