ရွှေပြည်သာ မေ ၂၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အသက်(၃)နှစ်မှ (၇)နှစ်ကလေးငယ်များအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေးများကို ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရပ်ကွက်ကျေးရွာများရှိ ကျန်းမာရေးဌာနများ၊ စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်(၃)နှစ်မှ (၇)နှစ်ကလေးများအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉:၃၀ အချိန်တွင် အမှတ်(၁၇)ရပ်ကွက်ရှိ စုစံဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစွာ ဆေးထိုးနှံရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းတို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)