သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
May 25,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေမှုအား ရှင်းလင်းဆောင်ရွက်
May 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခဲ့ သောကြောင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။
တောင်ငူတက္ကသိုလ် ၂ဝ၂၂ ပညာသင်နှစ် (အဝေးသင်) သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ အာစရိယပူဇော်ပွဲ ကျင်းပ
May 25,2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် ကျင်းပသည်။
ကျွန်းစုမြို့တွင် လူမှုရေးရာအသိပညာပေးသင်တန်း ဖွင့်လှစ်
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လူမှုဝန်ထမ်းရုံး၌ လူမှုရေးရာအသိပညာပေးသင် တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေး
May 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးမှ Mobile Library စနစ်ဖြင့် ညောင်လေးပင််မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်း ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (AstraZeneca) အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 25,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (AstraZeneca) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက်
သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက သရက်ချောင်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
May 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် စာရေးဆရာ"ကျော်ဇောနိုင်"ရေးသားသည့် “ဆရာဟူသည်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။