သတင်းများ

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
May 25,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မတ်လ ၂၃ ရက်နေ့မှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် အခြေခံစစ်တုရင် ကစားနည်းသင်တန်းနှင့်ပြိုင်ပွဲကျင်းပ
May 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံစစ်တုရင်ကစားနည်းသင်တန်းနှင့်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သင်တန်းဆရာ ဦးဖိုးညီမှ ဦးဆောင်သင်ကြားပေးခဲ့သည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းဆောင်ရွက်
May 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယနေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre)တွင် စာ​ပေညီလာခံအ​တွေ့အကြုံ ရှင်းလင်း​ဆွေးနွေးပွဲကျင်းပ
May 25,2022
ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြန်မာနိုင်ငံစာ​ရေးဆရာအသင်း၏ တတိယအကြိမ်​မြောက် စာ​ပေညီလာခံအ​တွေ့အကြုံ ရှင်းလင်း​ဆွေးနွေးပွဲကို ယ​နေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လန်းစစ်ဆေးခြင်းနှင့်ခြင် ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို  ယနေ့နေ့လည် ၂ နာရီ ရေဖြူမြို့(က)နှင့် (ခ)ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေသော ဆိုင်များအား အဝါရောင်ပေပါပုံးများဖြင့် ဆီသယ်ဆောင်ကြရန် လိုက်လံအသိပေး လိုက်လံစစ်ဆေး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီရောင်းချနေသော ဆိုင်များ သို့ ကွင်းဆင်း၍ ဆီလုပ်ငန်းရှင်များအနေဖြင့် ဆိုင်တွင် ရောင်းချမည့်စားသုံးဆီများ သယ်ဆောင်ရာတွင် အဝါရောင်ပေပါ အသစ်(သို့မဟုတ်) သန့်စင်ပြီး အဝါရောင်ပေပါများနှင့် စားသုံးဆီသီးသန့် သယ်ဆောင်ကြရန် အသိပေးနှိုးဆော် ခဲ့သည်။
မိုင်း‌ငေါ့မြို့၌ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
May 25,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်ခန့်က မိုင်း‌ငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောင်းနေအရွယ် တိုင်းရင်းသားလူငယ်များအားလုံး ကျောင်းတက်ကြရန်နှင့် ကျောင်းသားမိဘများကလည်း သား/သမီးများအား ကျောင်းအရောက်ပို့ဆောင်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း
May 25,2022
ကရင်တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးနေစေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ အောက်ရေတံခွန်တိုက်ကျောင်း၌ ကျင်းပသည်။