ရွှေတောင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မိုးမြေပဲအပြင် နှမ်းနှင့် နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံမိုးမြေပဲကို တောင်သူများ၏ လယ်ယာမြေများတွင် လျာထား ( ၉၃၁၂) စိုက်ပျိုး ဧက (၇၈၉၉) ဧကကျော်စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ စုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း