သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jun 15,2022
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ Talent And Technoiogy C0.,Ltd နှင့် ကျေးရွာနေ ပြည်သူများ စုပေါင်းထည့်ဝင် ငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာနှင့် သံဒိတ်ကျေးရွာတို့တွင် ကျေးရွာမီးလင်းရေး လုပ်ငန်းဖြစ်သည့် ဆိုလာ အသေးစား ဓာတ်အားပေးစနစ် (Mini-Grid) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာနတွင်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ
Jun 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဇွန်လ ၁၅ ရက်၊ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
စလင်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် (၇.၆.၂၀၂၂) ရက်နေ့က ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့် ရွှေ့ပြောင်အိမ်ထောင်စု (၄၅)စုတို့မှ မိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမဦးစီးဌာန ဒေါ်ဝင့်သီတာမောင်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နေ့လည် ၂ နာရီ အချိန်က ကျေးရွာအုပ်ချုပ်ရေးမှုးများမှတဆင့် ရွှေ့ပြောင်းမိသားစုများကို အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံပေးအပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jun 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအ ကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
မိုင်းလုံနယ်‌ မြေရဲစခန်းမှ ဒေသတွင်းဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်စီးမည့် နေရာအားကွင်းဆင်းစစ်ဆေး
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုင်းလုံနယ်‌ မြေရဲစခန်းမှ ဒေသတွင်းဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများကို (၂၆.၆.၂၀၂၂) ရက်နေ့တွင် မီးရှို့ဖျက်စီးမည့်နေရာအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁ဝ) နာရီခွဲ အချိန်ခန့်က အထက်ရပ်ကွက်အတွင်းရှိ မိုင်းလုံနယ်မြေရဲစခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 15,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြဝတီခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူများစုပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာရေးသူ ဦးဝင်းတင်ရေးသားသည့်“ကိုယ်သာလျှင်ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် စာဖတ် ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jun 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က ဘုတ်သိုးကျေးရွာနှင့် ရွှေတောင်ကုန်းကျေးရွာတို့တွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေး
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်မင်းနှင့်ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မလှိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်ပြီး ဝန်ထမ်းများအား စာအုပ်များအခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။