စလင်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်

စလင်း ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် (၇.၆.၂၀၂၂) ရက်နေ့က ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့် ရွှေ့ပြောင်အိမ်ထောင်စု (၄၅)စုတို့မှ မိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမဦးစီးဌာန ဒေါ်ဝင့်သီတာမောင်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နေ့လည် ၂ နာရီ အချိန်က ကျေးရွာအုပ်ချုပ်ရေးမှုးများမှတဆင့် ရွှေ့ပြောင်းမိသားစုများကို အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ဇွန်လ ၇ ရက်နေ့က ရွှေ့ပြောင်းခဲ့သောကျေးရွာများဖြစ်သည့် ပေါက်လေးပင်ကျေးရွာအုပ်စု၊ မြေခြားကျေးရွာမှ အိမ်ခြေ(၅)အိမ်၊ လူဦးရေ(၁၈)ဦး တို့အတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် (၅၃၇၈၀၀)ကျပ်၊ လက်ပံဦးကျေးရွာမှ အိမ်ခြေ (၁၃)လုံးနှင့် လူဦးရေ(၅၂)ဦးစာအတွက် (၁၄၀၉၂၀၀) ကျပ် စုစုပေါင်း (၁၉၄၇၀၀၀) ကျပ်တို့ကိုလည်းကောင်း၊ သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်ကျေးရွာမှ အိမ်ခြေ (၁၁)လုံးနှင့် လဦးရေ(၄၃) ဦးတို့အတွက် (၁၁၇၅၆၀၀)ကျပ်၊ ဘိုကုန်းကျေးရွာမှ အိမ်ခြေ (၁၁) လုံးနှင့်လူဦးရေ(၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၁၁၉၀၃၀၀) ကျပ်တို့ကိုလည်းကောင်း၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာမှ အိမ်ခြေ (၅)လုံးနှင့် လူဦးရေ (၂၅)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး (၅၅၂၅၀၀) ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဝင့်သီတာမောင်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ရွှေ့ပြောင်းမိသားစုဝင်များကို အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်လွင် (စလင်း)