မလှိုင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေး

မလှိုင် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်မင်းနှင့်ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မလှိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်ပြီး ဝန်ထမ်းများအား စာအုပ်များအခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ လာရောက်ရန်အခက်အခဲရှိသည့်စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကိုအခမဲ့ငှါးရမ်းပေးနေခြင်းဖြစ်သည်။ Mobile Library စနစ်ဖြင့် သုတ၊ ရသ ၊ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြကာတွန်းအပါဝင် စာအုပ်မျိုးစုံကို လာရောက်ငှါးရမ်းသည့်အခါ စာဖတ်ပရိတ်သတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာစာအုပ်များကို (၅)ရက် အခမဲ့ ငှါးရမ်းကြည့်ရှုနိုင်ကြောင်းသိရသည်။ ထို့အပြင် မြို့နယ်ရုံးစာကြည့်တိုက်တွင်လည်း အသင်းဝင်လျှောက်ထားပြီး စာအုပ်စာစောင်များကို အခမဲ့လာရောက်ငှါးရမ်းကြည့်ရှုနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)