ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာနတွင်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ ဇွန် ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တင် ဇွန်လ ၁၅ ရက်၊ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားထားသော ''လူဘဝမှာအရေးကြီးလှတဲ့အကျင့်စာရိတ္တ'' စာအုပ် ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များမှ မိမိတို့ နှစ်သက်သည့် လူရာဝင်တယ်ဆိုတာဘာလဲ၊ စည်းကမ်းဟာ အကျင့်စာရိတ္တ၊ ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ အကျင့်သီလ(၂)မျိုး၊ ချမ်းသာတဲ့အခါ စာရိတ္တမပျက်အောင် ကြိုးစားပါစသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)