သတင်းများ

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာ များအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ(နယ်ပယ်တိုင်းတာခြင်း အစီရင်ခံစာ)ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားပြုလုပ်
Jun 15,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာန(EPGE)နှင့် CNTIC VPOWER KY3 LIMITED တို့မှ တာဝန်ယူဆောင်ရွက်မည့် (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အား ပေးစက်ရုံ(ကျောက်ဖြူ)စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ(နယ်ပယ်တိုင်းတာခြင်းအစီရင်ခံစာ)ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show  ဆွေးနွေး ပွဲပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမှ
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ နောင်ချိုရိပ်မွန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉:၃၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၁၈၀)ဦးထိုးနှံပြီးဖြစ်                        
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများ၌ရှိသောအသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးများကို ယနေ့နံနက်(၉)နာရီက စော်ရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာခွဲအချိန်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၃၆၀၁၈၈)ဦး ထိုးပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jun 15,2022
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ Talent And Technoiogy C0.,Ltd နှင့် ကျေးရွာနေ ပြည်သူများ စုပေါင်းထည့်ဝင် ငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာနှင့် သံဒိတ်ကျေးရွာတို့တွင် ကျေးရွာမီးလင်းရေး လုပ်ငန်းဖြစ်သည့် ဆိုလာ အသေးစား ဓာတ်အားပေးစနစ် (Mini-Grid) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။