ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Covid Shield) ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
Jun 23,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Covid Shield) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဇွန်လ ၂၁ရက်နေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။