(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

တံတားဦး စက်တင်ဘာ ၅

၂၀၂၂-ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းနိုင် တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထွန်းထွန်းနိုင်တို့ ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ကြကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်  တံတားဦးမြို့ခရိုင်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် ယာယီရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက မြို့နယ်ပြည်သူ့ဆေးရုံကြီး အနီးပတ်ဝန်းကျင်ရှိ သစ်ပင်၊ ချုံနွယ်များ၊ ရေမြောင်းများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရာ ခရိုင် ရဲတပ် ဖွဲ့မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာမြင့်ဦးက အား ပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရဲတင့်