သတင်းများ

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲကျင်းပ
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကူးမြို့ အခြေခံပညာအထက်ကျောင်းတို့ ပူးပေါင်းကျင်းပသော ပုံပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
Sep 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှု ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှေ့တွင်
မုဒုံမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ လိုအပ်ချက်များဖြည့်ဆည်း ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 26,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်းပူးပေါင်းအဖွဲ့သည် တောင်ပ​၊ ဒိုးမားကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံသည်။ 
“နောင်ချို” ဟိုတယ် မိသားစုမှ မြို့နယ်အတွင်း အိမ်ထောင်စု ၈၅၀စုအား ဆန်ရိက္ခာများလှူဒါန်း
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၈၅၀စုအား “နောင်ချို” ဟိုတယ်မိသားစုမှ ဆန်ရိက္ခာများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (C.T.M.E) အခမ်း အနားကျင်းပ
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် (C.T.M.E) အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)တွင် ကျင်းပသည်။
နတ်မောက်မြို့နယ်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်(၈)နာရီ   အချိန်က မြို့မရဲစခန်းရှေ့တွင်  ရောင်းချပေးခဲ့သည်။
ပင်လောင်းမြို့နယ်တွင်  ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့် လူတွေ့နှုတ်ဖြေစာမေးပွဲ ဆက်လက်ဖြေဆို
Sep 26,2022
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅)နှစ် သင်တန်း အမှတ်စဉ်(၁၀) အတွက်သင်တန်းဝင်ခွင့်  အတွက်လူတွေ့နှုတ်ဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြော
Sep 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆောင်ရွက်ကြောင်း သိရသည်။