ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြော

ကျွန်းလှ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး၊ လက်ကိုမကြာခဏဆေးကြောရေး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ၏