တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 28,2022
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့် စဝ်စံထွန်းစျေးရှေ့နှင့် မြင်းရုပ်မီးပွိုင်ရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။