သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက် ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Sep 28,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
မြို့သစ်မြို့၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံ
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်တွင် ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါ ရှိ/ မရှိစစ်ဆေးကြကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် အင်ဂျင်အပူလွန်ကဲရာမှ ကားတစ်စီးမီးလောင်မှုဖြစ်ပွား
Sep 28,2022
မန္တ​​လေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာပိုင် မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းဘေးကွင်း အမှတ် ၆၀၆ Denko ဓာတ်ဆီဆိုင်နှင့် အောင်သာဓာတ်ဆီဆိုင်ကြား ယမန်နေ့ ည ၈ နာရီခွဲခန့်က ကားတစ်စီးမီးလောင်နေကြောင်း သတင်းအရ အမရပူမြို့နယ်မီးသတ်ဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထက်
အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Sep 28,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အမှတ် (၃) စျေးရပ်ကွက်၊ ပဲပဒုံကျေးရွာ၌ဆောင်ရွက်ခဲ့သည်။ 
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သတင်းရေးသားတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Sep 28,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့် အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို  သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) ကို ဘားအံခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center )တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။