ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့်ပညာရေးဘွဲ့(BEd)(၅)နှစ် သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆို

နမ့်ဆန် စက်တင်ဘာလ  ၂၈ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့အတွက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd) (၅)နှစ် သင်တန်းအမှတ်စဉ် (၁၀) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ်သင်တန်းအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဒေသဦးစီးရုံးစည်းဝေးခန်းမ၌ ဖြေဆိုခဲ့ကြောင်း သိရသည်။

 (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့(B.E.d)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင် နမ့်ဆန်၊ မန်တုံမြို့နယ်များမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်-စစ်ကိုင်း) အတွက်ဖြေဆိုသူ(ကျား- ၁)ဦး၊  (မ-၇ )ဦးပေါင်း (၈ )ဦးနှင့် ပညာရေးဘွဲ့(B.E.d)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင်( ကျား-  )ဦး၊ (မ- ၃ )ဦး ပေါင်း ( ၃ )ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါဝင်ခွင့်ဖြေဆိုရာတွင် (B.E.d)  မြန်မာစာ၊ အင်္ဂလိပ်စာ (၂)ဘာသာကို ဖြေဆိုကြမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို စက်တင်ဘာလ(၂၈)ရက်နေ့တွင် လူတွေ့ စစ်ဆေးသွား မည်ဖြစ်ပါသည်။

ထိုသို့ ဝင်ခွင့်စာမေးပွဲဖြေဆိုနေမှုကို ပလောင်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တာသိန်းဇော်၊ အတွင်း ရေးမှူးဦးစိုးနိုင်နှင့် အဖွဲ့ဝင်တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)