ပေါင်းတည် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၁၆)ကြိမ်မြောက်ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယမန်နေ့နံနက်ပိုင်းကမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးဒေါက်တာသင်းသင်းခိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ခွေးများအားအခမဲ့ ခွေးရူးကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ခွေးရူးကာကွယ်ဆေးကို မြို့နယ်အတွင်းရှိအိမ်များတွင်မွေးမြူထားသော ခွေးများအား အခမဲ့ထိုးနှံပေးခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)