မြောင်းမြ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ စစ်ကွင်းကွမ်းခြံကျေးရွာအုပ်စု၊ စစ်ကွင်းကျေးရွာတွင် စက်တင် ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိသော ၁၆ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကွင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက “ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေး၊ တစ်ခုတည်းသော ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့် အညီ ခွေးရူးရောဂါ အကြောင်း အသိပညာပေး ဟောပြောခြင်း၊ ပိုင်ရှင်(၈၉)ဦး၏ ခွေး(၉၃)ကောင်၊ ကြောင်(၇) ကောင်တို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး “ခွေးရူးရောဂါကာကွယ်ဖို့ ဝိုင်းဝန်းကူညီကြပါစို့” လက်ကမ်းစာစောင် အစောင်(၁၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)