ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆေးရုံကြီးဝင်းအတွင်း လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များအား ရှင်းလင်းခြင်း၊ တံမြက်စီးလှည်း ခြင်း၊ ပေါင်းမြက်များအား မြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်များအား သယ်ယူစွန့်ပစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးနေမှုကို အမှတ်(၈)စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရဲမင်း၊ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲမှူးကြီး ဝင်းသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)