ရွှေဘိုမြို့​တွင် အ​လောင်းမင်းတရားကြီး ဦးအောင်​ဇေယျတည်ထားကိုးကွယ်​တော်မူခဲ့​သော မော်​ဓေါမြင်သာ မြိုထောင့်​စေတီ​တော် ဆွမ်းလောင်းလှူပွဲ ကျင်းပ

​ရွှေဘို စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့အတွင်းရှိ ဘုရားစေတီများတွင် ဝါတွင်းသုံးလ ဘုရားစဉ်များဖြစ်သည့် ဆာ၊​ သေ့၊ ဘန်၊ ဆု၊ ဂူ၊ ရ၊ ကျွန်း၊ တော်၊ ကျ၊ ဦး​၊ တော်၊ ခန်း၊​လောစသည့် အဆိုရှိသည့် ဘုရား​စေတီများကိုအပတ်စဉ် ဥပုသ်​နေ့တိုင်း ဆွမ်းလောင်းလှူပွဲ၊ ဘုရားပွဲများ ကျင်းပလျက်ရှိရာ ယ​နေ့နံနက်(၉)နာရီချိန်က အ​လောင်းမင်းတရားကြီး ဦး​အောင်​ဇေယျ တည်ထားကိုးကွယ်​တော်မူခဲ့​သော ​ရှေး​ဟောင်းသမိုင်းဝင် ​မော်​ဓေါမြင်သာမြို့​ထောင့်​စေတီ​တော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်ဝတ္ထုများ လောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​ရွှေဘိုမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်အရှင်သူမြတ် အပါး(၅၀၀)ကျော်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်ဇနီး၊ ​ရွှေဘိုတပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့် ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစွမ်းဇာနည်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီး​​ရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဘုံဆွမ်း​လောင်းအသင်းများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဘောဇဉ်များကို လောင်းလှူခဲ့ကြသည်။

ထို့နောက်​ မော်​ဓေါမြင်သာမြို့​ထောင့်​စေတီဘုရားပွဲသို့ လာ​ရောက်​လောင်းလှူကြ​သော​စေတနာရှင် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ တရား​တော်များ နာယူပြီး ရေစက်ချ  အမျှအတန်းများပေးဝေခဲ့ကြ​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)