တာလေမြို့၌ တာဝန်ရှိသူများပူးပေါင်း၍ စျေးအတွင်း Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများဝေငှပေး

တာလေ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးစိတ်သစ်

အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက တာလေဈေးအတွင်း ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းဇော်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းနှင့် တာဝန်ရှိသူများက စျေး‌အတွင်း ဖြတ်သန်းသွားလာနေကြသည့် မိဘပြည်သူများ၊ ဈေးအတွင်းရှိ ဈေးရောင်း/စျေးဝယ် ပြည်သူများအား အိုမီခရွန်ရောဂါအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဌာန၏ ‌‌ညွှန်​ကြားချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရေး စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်​ကျော်မိုး(ပြန်/ဆက်)