ငါးသိုင်းချောင်းမြို့ ကင်ပွန်းချဉ်ကုန်းကျေးရွာ၌ အခြေခံစားသောက်ကုန်များကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်

ငါးသိုင်းချောင်း စက်တင်ဘာ ၂၁

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကင်ပွန်းချဉ်ကုန်းကျေးရွာတွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့ပေါ် (၆)ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ ကျေးလက်နေပြည်သူများ စားရိက္ခာအတွက် စရိတ်သက်သာစေရန် ရည်ရွယ်၍ ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်နှုန်း၊ စားဆီ တစ်ဆယ်ကျပ်သားလျှင် ၆၆၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၀၀ ကျပ်၊ ဆားတစ်ထုပ်လျှင် ၁၀၀ ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့ကို ကင်ပွန်းချဉ်ကုန်းကျေးရွာနေ အိမ်ထောင်စု (၂၅၀)အတွက် ဆန်(၁၀)အိတ်၊ ဆီ(၇၀)ပိသာ၊ ကြက်ဥ(၃၀၀)လုံး၊ ဆား(၅၀)ပိသာနှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

အဆိုပါ စျေးရောင်းချနေမှုအား ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊  ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုယာယီရဲမှူးကြီး ခင်မောင်လွင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့်ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးတို့က လာရောက်ကြည့်ရှုကာ ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)