သတင်းများ

မိတ္ထီလာ၌ ဘုန်းတော်ကြီးကျောင်း ၉ကျောင်းအတွက် ဆွမ်းဆန်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Oct 09,2022
မိတ္ထီလာ၌  မြို့ပေါ်ရှိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များထံသို့ ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများမှလှူဒါန်းသော ဆွမ်းဆန်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ယနေ့နံနက်  ၈ နာရီအချိန် က မြို့မရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ပုသိမ်မြို့ရှိ ဘုရား၊ ကျောင်းကန်များတွင် ကုသိုလ်ပြုသူများဖြင့်စည်ကား
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)ယနေ့၊ နံနက်ပိုင်း၌ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူငါးသောင်းကျော်ခန့်လာရောက်ဖူးမြှော်
Oct 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ အောက်တိုဘာ၉ရက်၊ သီတင်းကျွတ်လပြည့်နေ့ (ဘိဓမ္မာနေ့)တွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင်အထင်ကရဘုရားများနှင့် သမိုင်းဝင်အဆောက်အဦ၊ သာသနိကအဆောက်အဦများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူငါးသောင်းကျော်ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရ သည်။
ကျိုင်းတုံမြို့၌  သီတင်းကျွတ်လပြည့်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Oct 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သီတင်းကျွတ်လပြည့်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းဖောင်းချောင်းတွင် ကျင်းပသည်။
မိုင်းယုမြို့၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မအခါတော်နေ့)အခမ်းအနားကျင်းပ
Oct 09,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အဘိဓမ္မအခါတော်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်ရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ ပြည်သူများဖြင့် စည်ကား
Oct 09,2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊  အောက်တိုဘာ ၉ ရက်နေ့တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်ရှိ  ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး၊ အပန်းဖြေနေရာများ၌လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သုံးခွမြိုနယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်  (၁/၂၀၂၂)ဖွင့်လှစ်
Oct 09,2022
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်တွင် ရှေးဦးပြုစုခြင်း အတတ်ပညာများ ပြည်သူလူထုအတွင်း ပြန့်နှံ့ရောက်ရှိစေရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မြိုနယ်ကြက်ခြေနီ အသင်း(ခွဲ) ရုံးတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက်