သတင်းများ

ငပု​တောမြို့၌ မဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကျင်းပ
Oct 10,2022
ဧရာဝတီတိုင်း​ဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ  ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို  ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ သိမ်​တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်​တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားဖူးများဖြင့်စည်ကား
Oct 10,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါကျွတ်ပွဲတော်ကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ဘုရားစေတီများ၊ ကျောင်းများတွင် အေးချမ်းစွာကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌  မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် သံဃာတော် (၁၈၀)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန် စိမ်းလောင်း လှူပွဲကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းပိတ်ပွဲ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မဟာမုနိ ဘုရားကြီးတွင် ဘုရားဖူး ပြည်သူများဖြင့် စည်ကား
Oct 10,2022
ယမန်နေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြပြီး ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့ ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပဒေသာပင်လှည့်လည်ပွဲများဖြင့် အထူးစည်ကား
Oct 10,2022
သီတင်းကျွတ်လပြည့်နေသည် မြန်မာလူမျိုးများ၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက် အထူးစည်ကားသည့် နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ ထူးခြားသည့် နေ့ထူးနေ့မြတ်လဲဖြစ်ရာ နှစ်စဉ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပဒေသာပင်လှည့်လည်ပွဲများကို အထူးစည်ကားစွာကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မဟာပဝါရဏာ အခမ်းအနား ကျင်းပ
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ မဟာပဝါရဏာ အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင် ကျင်းပခဲ့သည်။
မင်းလှမြို့တွင်သီးတင်းကျွတ်လပြည့်နေ့ကို စတုဒိသာများကျွေးမွေးခြင်းဖြင့် ပျော်ရွင်စွာဆင်နွှဲ
Oct 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့လယ်ပိုင်းက စတုဒိသာများကျွေးမွေးလှူဒါန်းခြင်းဖြင့် သီးတင်းကျွတ်လပြည့်နေ့ကို စည်ကားပျော်ရွင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။