သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပွဲကျင်းပ
Oct 09,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပွဲနှင့်ညစာစားပွဲကို ယမန်နေ့ ည(၆)နာရီက အေးသာယာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီပုထိုးများ ဘုန်းတော်ကြီးကျောင်းတို့၌  စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကား
Oct 09,2022
ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာ အခါတော်နေ့၊  သီတင်းကျွတ် ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များဖြစ်သည်နှင့်အညီ မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဘုန်းတော်ကြီးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက် ရှိ‌ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်
Oct 09,2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား စစ်တွေလေဆိပ်မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်း ထွန်းဆံတော်ရှင် ကျိုက္ခမီ‌ရေလယ်ဘုရားကြီး၌ အဘိဓမ္မာအခါတော်နေ့ မင်္ဂလာအခမ်းအနားတက်ရောက်
Oct 09,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက္ခမီ‌ ရေလယ်ဘုရားကြီး၌ အဘိဓမ္မာအခါတော်နေ့ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ယနေ့နံနက် (၆) နာရီ  အချိန်၌ဆံတော်ရှင် ကျိုက္ခမီ‌ရေလယ်ဘုရားကြီး သာသနာ့ ဗိမာန်တော် ခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ တက်ရောက်၊ ဆွမ်းဆန်တော်လောင်းလှူ
Oct 09,2022
စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်လှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက် ဆွမ်းဆန်တော်လောင်းလှူကြသည်။
ဟိုပန်မြို့၊ မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက်၌(၃၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 09,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြသိန်းတန်သာသနာပြု ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ငွေဆောင်ကမ်းခြေ၌အပန်းဖြေသူများဖြင့် စည်ကား
Oct 09,2022
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၁ခု နှစ်၊ မတ်လ (၂၃) ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ငွေဆောင်ကမ်းခြေတွင် ယခုနှစ်သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက် ရှိသည်။