သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ပုသိမ်မြို့ရှိ ဘုရား၊ ကျောင်းကန်များတွင် ကုသိုလ်ပြုသူများဖြင့်စည်ကား

ပုသိမ် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)ယနေ့၊ နံနက်ပိုင်း၌ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၊ နေ့ထူးနေ့မြတ် အခါသမယတွင် ​မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူကြသူများ၊ သီတင်းသီလဆောက်တည်​ကြသူများ၊ အလှူဒါနပြုကြသူများ၊ ဘုရားဖူးလာကြသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြင့်ဟန်(ပြန်/ဆက်)